Why your business needs approval management system

Employees Approval

လုပ်ငန်းခွင်တိုင်းမှာ အရေးကြီးဆောင်တာတွေကို သက်ဆိုင်ရာ Department , Manager နဲ့ တာဝန်ရှိသူတွေထံမှ အဆင့်ဆင့် ခွင့်ပြုချက် ရယူပြီးမှသာ ပြုလုပ်ဆောင်ရွက်ကြရစမြဲဖြစ်ပါတယ်။ 

ဒီလို ဌာနတွင်း ဝန်ထမ်းတွေရဲ့ Request Form နဲ့ Approval Process တွေကို စာရွက်စာတမ်းတွေ အသုံးပြုတဲ့အခါ လိုအပ်တဲ့ Informations တွေကို အချိန်နဲ့တပြေးညီ မသိရှိနိုင်ခြင်း ၊ Department တစ်ခုနဲ့တစ်ခု အချိတ်အဆက်မမိခြင်း အစရှိတာတွေကြောင့် မလိုအပ်ဘဲ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရပြီး လုပ်ငန်းရှေ့သို့ရောက်ဖို့ နှောင့်နှေးကြန့်ကြာတတ်ပါတယ်။

ဒါကြောင့် စီးပွားရေးလုပ်ငန်းကြီးအချို့မှာ စည်းစနစ်ကျပြီး လျင်မြန်တဲ့ Approval Management System တွေကို အသုံးပြုလာကြပါတယ်။


Approval Management System မှာ ဝန်ထမ်းတွေဟာ လုပ်ငန်းအတွက်လိုအပ်တဲ့ Purchase Order Request ,Expense Request, Sales Discount Request နဲ့ Leave Request ကဲ့သို့ Requests တွေကို သက်ဆိုင်ရာ Level အလိုက် စနစ်တကျ တောင်းခံနိုင်ပါတယ်။

 Approve တင်တဲ့အခါ Invoice , Receipt , Supporting Materials နဲ့ လိုအပ်တဲ့ အချက်အလက်တွေကိုပါ တစ်စုတည်း Document Attach တွဲတင်နိုင်တဲ့အတွက် ယခင်လို ဖိုင်တွဲတွေ ပြန့်ကျဲမနေတော့ဘဲ Approvers မှ Informations အပြည့်အစုံကို တစ်နေရာတည်းကနေ Review ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Approval Management System အသုံးပြုခြင်းက Real-Time Approval Process တွေကို အချိန်နဲ့တပြေးညီ သိရှိနိုင်ပြီး လျင်မြန်တဲ့ Decisions Making တွေကို အလွယ်တကူ ချမှတ်လာနိုင်ပါတယ်။

ဒါ့အပြင် ဝန်ထမ်းတစ်ယောက်ချင်းစီ ၊ Team တစ်ဖွဲ့ချင်းစီရဲ့ Approval Stage နဲ့ History တို့ကိုလည်း နေ့ရက်နဲ့လ အလိုက် ပြန်လည်ကြည့်ရှုစစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ #Odoo ရဲ့ Approval မှာ Sales , Purchase,Inventory,HR, Accounting အစရှိတဲ့ ဌာနများစွာနဲ့ ချိတ်ဆက်အသုံးပြုနိုင်တာကြောင့် လုပ်ငန်းခွင်အတွင်း သတင်းစီးဆင်းမှုကို လျင်မြန်စေပြီး လုပ်ငန်းလည်ပတ်မှုတွေလည်း ယခင်ထက် ပိုမိုလျင်မြန်ချောမွေ့လာနိုင်ပါတယ်။

အခုလို Approval Management System ကို အသုံးပြုပြီး သင့်ရဲ့လုပ်ငန်းခွင်ကို ပိုမိုစည်းစနစ်တကျ လည်ပတ်ချင်တယ်ဆိုရင်တော့ Odoo ရဲ့ Official Gold Partner ဖြစ်တဲ့ 7th Computing Co.,Ltd ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Contact Us:7th Computing Co., LtdOdoo Official Gold Partnerwww.7thcomputing.com+959 446890387 , +959 73054903 (Yangon Head Office)No.1217, 5th Floor, Pinlon Road, 35th Ward, North Dagon Township, Yangon, Myanmar

#approval #approvalmanagement #odoo #odooerp #odoo16 #erpsoftware #eprsystem #odooerpmyanmar #odoogoldpartner #approvalmanagementmyanmar #approvalsystemmyanmar

Share this post
Sign in to leave a comment
"Boost Your Mid-Year Performance with ERP: "
Mid-Year Business Reviews Powered by ERP Technology