Odoo 16 Review

by 7th Computing Co., Ltd

𝗢𝗱𝗼𝗼 𝟭𝟲 - 𝗧𝗵𝗲 𝗕𝗲𝘀𝘁 𝗢𝗱𝗼𝗼 𝗘𝘃𝗲𝗿

 


𝗢𝗱𝗼𝗼 𝟭𝟲 𝗩𝗲𝗿𝘀𝗶𝗼𝗻 မှာပြောင်းလဲသွားတဲ့ 𝗡𝗲𝘄 𝗙𝗲𝗮𝘁𝘂𝗿𝗲𝘀 အချို့ကို 7th Computing မှ ပြန်လည် မျှဝေ ဖော်ပြပေးလိုက်ပါတယ် ။

စီးပွားရေးလုပ်ငန်းအားလုံးအတွက် များစွာအသုံးဝင်တဲ့ Odoo ကတော့ More than ERP လို့ပြောစမှတ်ပြုရအောင် Odoo 16 Version မှာ ပိုမိုပြီးပြည့်စုံတဲ့ Features အသစ်တွေနဲ့ ထွက်ရှိလို့လာပါတယ်။ယခင် Odoo 15 Version ထက် ပိုမိုလျင်မြန်တဲ့ Performance တွေကို Odoo 16 မှာ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

Odoo 16 မှာ Ecommere Page ရဲ့ Loading Speed ဟာ ၃.၉ ဆ ပိုမို သိသာ လျင်မြန်လာပါတယ်။ Razorpay , AsiaPay တို့ ကဲ့သို့ Payment Gateways များအသုံးပြုပြီး ငွေပေးချေမှုဆောင်ရွက်နိုင်ခြင်း ၊ Auto Address ဖြည့်သွင်းခြင်း နဲ့ လျင်မြန်တဲ့ Checkout Process တို့ကိုဆောင်ရွက်နိုင်ခြင်း၊ Variants & Attributes များပိုမိုစုံလင်ခြင်း အစရှိတဲ့ များစွာသော New Features အစုံအလင်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် Backend မှ Invoice ဖွင့်တဲ့အခါမှာလည်း ယခင်ထက် ၃.၇ ဆ ပိုမိုလျင်မြန်လာတာကို တွေ့မြင်နိုင်ပါတယ်။ Reporting Section ကို အစအဆုံး ပြန်လည် Modify ပြုလုပ်ထားတဲ့အတွက် ပိုမိုတိကျလျင်မြန်တဲ့ Report အချက်အလက်တွေကို အလွယ်တကူ ရှာဖွေလာနိုင်မှာ ဖြစ်ပါတယ်။

Dashboard မှနေ Spreadsheets သို့ လည်း အလွယ်တကူပြောင်းလဲ Report ထုတ်ယူနိုင်ပါသေးတယ်။ Odoo Spreadsheets မှာတော့ Collaborating ပြုပြင်နိုင်တဲ့အပြင် Excel Files တွေကို import/export ပြုလုပ်နိုင်ပြီး ဇယားကွက်၊ Charts ၊ Hidden Columns & Rows အစရှိတဲ့ Functions ပေါင်း ၂၀၀ ကျော်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

 နောက်ထပ်တစ်ခုကတော့ Dashboard ကိုသီးသန့်သွားစရာမလိုတော့ဘဲ Website App Icon မှနေ ဝက်ဆိုဒ်စာမျက်နှာကို တိုက်ရိုက် ဝင်ရောက် အသုံးပြုလာနိုင်တာဖြစ်ပါတယ်။ စုံလင်တဲ့ Ecommerce Catalog နဲ့ Features တွေထပ်မံ ထည့်သွင်းထားတာကြောင့် ယခင်ထက် ပိုမိုထူးခြားပြည့်စုံတဲ့ Websites တွေကို တည်ဆောက်လာနိုင်မှာဖြစ်ပါတယ်။

 Manufacturing & Inventory မှာလည်း Backorders အတွက် Replenishment Locations သတ်မှတ်ပြီး Auto Replenishment ပြုလုပ်နိုင်ပါတယ်။ MRP အတွက် Structure & Report မှာ သိသိသာသာ ပြောင်းလဲပြင်ဆင်ထားတာကို တွေ့မြင်နိုင်ပါတယ်။ Tablet View ကို အသားပေးထားတဲ့ ဒီဇိုင်းအမြင် အသစ်နဲ့ Inventory တစ်ခုလုံးကို ယခင်ထက်ပိုမိုလွယ်ကူ မြန်ဆန်စွာ စီမံခန့်ခွဲနိုင်မှာ ဖြစ်ပါတယ်။

16 Version မှာ မထင်မှတ်ထားတဲ့ ပြောင်းလဲမှုတွေနဲ့အတူ Odoo က Module အသစ်တစ်ခုကို Announce လုပ်ခဲ့ပါတယ်။

Odoo 16 ရဲ့ 𝗡𝗲𝘄 𝗠𝗼𝗱𝘂𝗹𝗲 က ဘာဖြစ်မလဲ ?

 Odoo 16 မှာ အသစ်ထပ်မံ ဖြည့်သွင်းလိုက်တဲ့ New Module ကတော့ 𝗞𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝗠𝗼𝗱𝘂𝗹𝗲 ဖြစ်ပါတယ်။ Knowledge Session မှာ Internal အချင်းချင်း အသိပညာဆောင်းပါးများ မျှဝေခြင်း၊ ကုမ္ပဏီရဲ့ အကြောင်းအရာ နဲ့ လေ့လာစရာများ မျှဝေခြင်း အစရှိတဲ့ အရာတွေကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ယခုလို များစွာသော Features အသစ်တွေ အစုံအလင်ပါရှိတဲ့ Odoo 16 ကို လူကြီးမင်းတို့လုပ်ငန်းမှာ အသုံးပြုလိုတယ်ဆိုရင်တော့ 7th Computing ကို ဆက်သွယ်လိုက်ပါ။

7th Computing ကတော့ Odoo ERP ကို နှစ်ပေါင်း ဆယ်နှစ်ကျော်သက်တမ်း အတွေ့အကြုံတွေနဲ့ ဝန်ဆောင်မှုပေးလျက်ရှိနေပြီး Odooရဲ့ 𝗢𝗳𝗳𝗶𝗰𝗶𝗮𝗹 𝗚𝗼𝗹𝗱 𝗣𝗮𝗿𝘁𝗻𝗲𝗿 အဖြစ် လေးနှစ်တိုင်တိုင် အချိန်ကြာမြင့်စွာ ရပ်တည်လာနိုင်ခဲ့တဲ့ ERP Software Company တစ်ခု ဖြစ်ပါတယ်။

ဒါ့ကြောင့် လူကြီးမင်းတို့လုပ်ငန်းအတွက် စိတ်ချယုံကြည်ရတဲ့ ERP Vendor ကိုရှာဖွေနေတယ်ဆိုရင်တော့ 7th computing ကိုဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါတယ်။

𝗬𝗼𝘂𝗿 𝗧𝗿𝘂𝘀𝘁𝗲𝗱 𝗘𝗥𝗣 𝗩𝗲𝗻𝗱𝗼𝗿 – 𝟳𝘁𝗵 𝗖𝗼𝗺𝗽𝘂𝘁𝗶𝗻𝗴 𝗖𝗼., 𝗟𝘁𝗱

Contact Us:+959 446890387 , +959 73054903 (Yangon Head Office)www.7thComputing.comNo.1217, 5th Floor, Pinlon Road, 35th Ward, North Dagon Township, Yangon, Myanmar

#Odoo16review #OdooGoldPartner #OdooMyanmar #ERPMyanmar

#Odoo #odooerp #odooerpsolutions  #odooerpsoftware #accountingsoftware #HRMS #erp #Odoo16 #OdooNewFeatures  

 

Share this post
Sign in to leave a comment
ERP Knowledge Q & A
by 7th Computing Co., Ltd