How can Odoo ERP help your logistics & Supply Chain Management?

Logistics & Supply Chain Management လုပ်ငန်းတွေမှာ Manufacture မှနေ Warehouse သို့ပို့ဆောင်ရောက်ရှိလာတဲ့ ကုန်ပစ္စည်းတွေကို လက်ခံစစ်ဆေးခြင်း၊ထုပ်ပိုးခြင်း နဲ့ Shipping , Trucks, Airplanes အစရှိတဲ့ Transportation တို့မှတစ်ဆင့် Customer ထံ ပို့ဆောင်ခြင်း၊ Return & Replenishment ပြုလုပ်ခြင်း အစရှိတဲ့ လုပ်ငန်းစဥ်များစွာကို ဆောင်ရွက်တဲ့အခါ Process အဆင့်တစ်ဆင့် လစ်ဟင်းတာနဲ့ အခြားအပိုင်းတွေမှာပါ Delays ဖြစ်ပြီး လုပ်ငန်းခွင်အတွင်း ထိခိုက်နစ်နာမှုတွေ ကြုံတွေ့နိုင်ပါတယ်။


ဒါကြောင့် ပြိုင်ဆိုင်မှုတွေများတဲ့ စီးပွားရေးလုပ်ငန်းတွေကြားမှာ မိမိလုပ်ငန်း နောက်ကျမကျန်ခဲ့စေဖို့နဲ့ လုပ်ငန်းတစ်ခုလုံး အမှားအယွင်းမရှိ စနစ်တကျ လည်ပတ်စေနိုင်ဖို့ လူအင်အားသာမက ERP နည်းပညာကိုပါ အသုံးပြုဖို့ လိုအပ်လာပါတယ်။



Odoo ERP က Logistic & Supply Chain Industry ကို ဘာတွေကူညီပေးနိုင်မှာလဲ ?


ERP System တွေထဲမှာ Odoo ERP ကတော့ စီးပွားရေးလုပ်ငန်းအရွယ်အစားမရွေး အသုံးပြုနိုင်တဲ့အပြင် Logistics & Supply Chain Industry အတွက်လည်း များစွာ အကျိုးရှိတဲ့ Open Source ERP System တစ်ခုဖြစ်ပါတယ်။

  • Odoo ERP မှာ ကုန် ပစ္စည်း သယ်ယူပို့ဆောင်မှုအတွက် စတင်ပို့ဆောင်ချိန်၊ ကြာချိန်၊ခန့်မှန်းရောက်ရှိချိန် နဲ့ ပို့ဆောင်ရမယ့်နေရာ၊ ကုန်ရောက်ရှိနေတဲ့ အဆင့်တို့ကို စီမံစစ်ဆေးနိုင်ပါတယ်။
    ဒါ့အပြင် Real-Time Data အချက်အလက်တွေကိုရရှိနိုင်ပြီး Customer Logs တွေကိုလည်း ပြန်လည် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
  • ပို့ဆောင်ရမယ့်ကုန် ပစ္စည်း အရေအတွက်မှန်မမှန်၊ ပေးပို့ရမယ့် Location ၊ ကုန်အလေးချိန် နဲ့ Damage ကုန် အစရှိသည်တို့ကို ခွဲခြမ်းစစ်ဆေးပြီး ကုန်ကြမ်းပို့ဆောင်မှုအဆင့်မှနေ ကုန်ချောထွက်ရှိလာတဲ့ အဆင့်နဲ့ Customer ထံပို့ဆောင်ရောင်းချနိုင်တဲ့ အဆင့်ထိ Stock Movement တစ်ခုချင်းစီကို System ကနေ Analyze ပြုလုပ်နိုင်ပါတယ်။
  • Odoo ERP အသုံးပြုခြင်းက အခြားSoftware တွေလို သီးခြား Separate System တွေထပ်မံမလိုအပ်ဘဲ Centralized Database နဲ့ လိုအပ်တဲ့ Modules တွေအားလုံးကို တစ်နေရာတည်းကနေ ချိတ်ဆက်အသုံးပြုနိုင်ခြင်းဖြစ်ပါတယ်။
     
    အခုလို Logistic & Supply Chain Industry ရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို စည်းစနစ်တကျ အလျင်အမြန် လည်ပတ်နိုင်အောင် ကူညီဆောင်ရွက်ပေးနိုင်တဲ့ Odoo ERP ကို အသုံးပြုလိုတယ်ဆိုရင်တော့ Odoo ရဲ့ Official Gold Partner Company တစ်ခုဖြစ်တဲ့ 7th Computing ကို အခုပဲ ဆက်သွယ်လိုက်ပါ။


Contact Us:
+959 446890387 , +959 73054903 (Yangon Head Office)
www.7thComputing.com
No.1217, 5th Floor, Pinlon Road, 35th Ward, North Dagon Township, Yangon, Myanmar

Share this post
Sign in to leave a comment
Odoo ERP for Pharmaceutical Industry