ERP Knowledge Q & A

by 7th Computing Co., Ltd

ERP Q & A


1.     ERP ဆိုတာဘာလဲ ?

ERP ဆိုတာကတော့ စီးပွားရေးလုပ်ငန်းသုံး Business Software များစွာကို အချိန်နဲ့တပြေးညီ Centralized Database မှာ အလွယ်တကူ စီမံခန့်ခွဲ အသုံးပြုနိုင်တဲ့ Enterprise Resource Planning System ဖြစ်ပါတယ်။ ERP System အသုံးပြုခြင်းက မလိုအပ်တဲ့ အရင်းအမြစ်တွေကို လျှော့ချနိုင်ရုံသာမက  ကုမ္ပဏီ ရဲ့ အမြတ်အစွန်း နဲ့ Workflow ကို သိသာလျင်မြန် တိုးတက်လာစေနိုင်ပါတယ်။

2.     ERP က ဘာတွေလုပ်ပေးနိုင်မှာလဲ ?

စီးပွားရေးလုပ်ငန်းတိုင်းရဲ့ မရှိမဖြစ် Finance Department ၊ HR ၊ Customer Relationship ၊ Sales ၊ Purchase ၊ Ecommerce ၊ Project Management ၊ Supply Chain ၊ Accounting အစရှိတဲ့ လုပ်ငန်းစဥ်တွေအားလုံးကို တစ်နေရာတည်းကနေ အလွယ်တကူ ချိတ်ဆက် အသုံးပြုနိုင်ပြီး Manual စနစ်မှ Paperless – Digitalization စနစ်သို့ ကူးပြောင်း ပေးနိုင်မှာ ဖြစ်ပါတယ်။

3.     ERP အမျိုးအစားဘယ်နှစ်မျိုးရှိလဲ ?

ERP အမျိုးအစား သုံးမျိုးရှိပါတယ်။ Cloud ERP , On-Premise ERP နဲ့ Hybrid ERP တို့ဖြစ်ပါတယ်။

4.     Cloud ERP ဆိုတာဘာလဲ ?

Cloud ERP System ဆိုတာကတော့ Internet Access ရှိရုံနဲ့ အချိန် ၊ နေရာ ၊ ဒေသမရွေးကနေ အလွယ်တကူ ဝင်ရောက်အသုံးပြုနိုင်ရုံသာမက operation cost လည်းသက်သာတဲ့အတွက် Small & Medium Enterprise Company များအတွက် ရွေးချယ်ရန် အသင့်တော်ဆုံး ERP System ဖြစ်ပါတယ်။


5.     Odoo ဆိုတာဘာလဲ ?

Odoo ကတော့ Cloud-Based ERP System ဖြစ်ပြီး More than ERP လို့ပြောစမှတ်ပြုရအောင် စီးပွားရေးလုပ်ငန်းသုံး Business Management Software များစွာကို ချိတ်ဆက်အသုံးပြုနိုင်ရုံသာမက လိုအပ်သလို Customization ပြုပြင်ပြောင်းလဲ အသုံးပြုနိုင်တဲ့ Open Source ERP Software ဖြစ်ပါတယ်။

6.     Odoo ERP ရဲ့ အားသာချက်တွေက ဘာတွေဖြစ်မလဲ ?

Odoo ERP ဟာ အသုံးပြုရလွယ်ကူခြင်း ၊ Cost Effective ဖြစ်ခြင်း ၊ အခြား third-party software apps များစွာနဲ့ Integrate ပြုလုပ်နိုင်ခြင်း ၊ မိမိ လုပ်ငန်းအတွက် လိုအပ်တဲ့ ERP Modules ကိုသာ ရွေးချယ် အသုံးပြုနိုင်ခြင်း ၊ လုပ်ငန်းလိုအပ်ချက်အတိုင်း Customization ပြုလုပ်နိုင်ခြင်း တို့ကြောင့် စီးပွားရေးလုပ်ငန်း အရွယ်အစားမရွေး နဲ့ Business Industries တိုင်း အားထားရတဲ့ ERP Software ဖြစ်ပါတယ်။

7.     သင့်လုပ်ငန်းမှာ ERP အသုံးပြုဖို့ လိုအပ်ကြောင်း ဘယ်လို သိရှိနိုင်မလဲ ?

Excel Spreadsheets , စာရွက်စာတမ်း နဲ့ Manual စနစ်တို့ ကြောင့် Data အပျောက်အရှ နဲ့ သတိမမူမိတဲ့ အမှားအယွင်းများ ထပ်ခါထပ်ခါ ဖြစ်ပေါ်ခြင်း၊ Department တစ်ခုချင်းစီတိုင်းမှာ မတူညီတဲ့ သီးခြား Software တစ်ခုချင်းစီ အသုံးပြုထားတဲ့အတွက် ဌာနတစ်ခုနဲ့တစ်ခု အချိတ်အဆက်မမိခြင်း ၊ လစဥ် အစီရင်ခံစာများ အချိန်မီမတင်ပြနိုင်ခြင်း အစရှိတဲ့ အခက်အခဲတွေ ကြုံတွေ့နေရပြီဆိုရင်တော့ သင့်လုပ်ငန်းမှာ ERP အသုံးပြုဖို့လိုအပ်ပြီ ဖြစ်ပါတယ်။

 

-          7th Computing ကတော့ Odoo ERP ကို နှစ်ပေါင်း ဆယ်နှစ်ကျော်သက်တမ်း အတွေ့အကြုံတွေနဲ့ ဝန်ဆောင်မှုပေးလျက်ရှိနေပြီး Odooရဲ့ 𝗢𝗳𝗳𝗶𝗰𝗶𝗮𝗹 𝗚𝗼𝗹𝗱 𝗣𝗮𝗿𝘁𝗻𝗲𝗿 အဖြစ် လေးနှစ်တိုင်တိုင် အချိန်ကြာမြင့်စွာ ရပ်တည်လာနိုင်ခဲ့တဲ့ ERP Software Company တစ်ခု ဖြစ်ပါတယ်။ ဒါ့ကြောင့် လူကြီးမင်းတို့လုပ်ငန်းခွင်အတွင်း အသုံးပြုဖို့ စိတ်ချယုံကြည်ရတဲ့ ERP Vendor ကိုရှာဖွေနေတယ်ဆိုရင်တော့ 7th computing ကိုဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါတယ်။

Contact Us:

+959 446890387 , +959 73054903 (Yangon Head Office)

www.7thComputing.com

No.1217, 5th Floor, Pinlon Road, 35th Ward, North Dagon Township, Yangon, Myanmar

#Odoo #odooerp #odooerpsolutions #odooerpsoftware #accountingsoftware #HRMS #erp #Odoo16 #OdooNewFeatures #erp #erpknowledge #odoo16 



Share this post
Sign in to leave a comment
“Boost Your Brand with Odoo ”
The Ultimate Production Guide